Wednesday, August 14, 2019



အားလုံးပဲ မနက်ဖြန်ဆိုရင် The International 2019 ရဲ့ Group Stage Day 1 အဖွင့်ပွဲစဉ် စတင်တော့မှာဖြစ်ပါတယ်။ ယခုနှစ်TI9 ရဲ့ပွဲစဉ်တွေဟာဆိုရင် တစ်နှစ်ထက်တစ်နှစ် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာ တော့မှာပဲဖြစ်ပါတယ်။ယခုနှစ် The International 2019 ပြိုင်ပွဲကိုတရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ Mercedes-Benz Arena တွင်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဆုကြေးငွေအနေဖြင့် အမေရိကန်ဒေါ်လာ 32 သန်းဝန်းကျင်ခန့် ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ ယခုနှစ် TI9 ကိုစုစုပေါင်း အသင်း18 သင်းပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အဆိုပါ 18 သင်းထဲမှ DPC (Dota Pro Circuit) Season အလိုက် ရမှတ်အများဆုံး 12 သင်းကို Direct Invite ဖြင့်ဖိတ်ခေါ်ယှဉ်ပြိုင်မှာဖြစ်ပြီး ကျန် 6 သင်းကို လက်ရည်စစ် ပြိုင်ပွဲများ ယှဉ်ပြိုင်ကာ Region ခြောက်ခုမှ အသင်းတစ်သင်းစီ တက်ရောက်ခွင့်ရ ရှိခဲ့ပြီးဖြစ်ပါတယ်။ The International ပြိုင်ပွဲကို Valve မှ ကြီးမှူးကျင်းပခဲ့ရာ ယခုဆိုလျှင် 9 ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါတယ်။ Dota Player များသိကြတဲ့ အတိုင်း TI တွင် Curse တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ TI Champion ဖြစ်ဖူးသည့် မည်သည့် အသင်း မည်သည့်ကစားသမားမဆို Champion နှစ်ကြိမ်ဆက်တိုက့် ဖြစ်နိုင်ခဲ့ခြင်းမရှိသေးပါ။ ဒါပေမယ့်လည်း ယခုနှစ် TI9 မှာတော့ TI Champion ဟောင်း အသင်6း သင်းနှင့် TI Champion ဖြစ်ဖူးသည့် ကစားသမားဟောင်း 14 ယောက် ပါဝင်ယှဉ်ပြိုင်မှာ ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘယ်အသင်း၊ ဘယ်ကစားသမားက နှစ်ထပ်ကွမ်း TI Champion ဖြစ်လာနိုင်မလဲ ဆိုတာကို ကျွန်တော်တို့အတူ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်လားဗျာ.......

No comments:

Post a Comment